နှင်းညအိပ်မက်ဖြူ

ကံကိုငါမယုံဘူး
သွားမယ့်လမ်းမှာ ဆူးပုံနဲ့တည့်တည့်တိုးတော့
မရဲပေမယ့်လှမ်းနင်းခဲ့
ရင်းခဲ့တဲ့နှလုံးသားနဲ့အတူတူ…..
ဘယ်အချိန်ထိစိုစွတ်ခွင့်ပြုရမလဲ
ငါ့မျက်တောင်စွန်းတွေသွေ့ခြောက်ပါရစေ
ဖြေမပြေလည်းကြိတ်မှိတ်
အလွမ်းရိပ်မှာ တိတ်တိတ်လေးအိပ်မယ်…..
မုန်းလိုက်ချင်ပေမယ့်
မုန်းချင်တဲ့စိတ်ကိုပဲ ပြန်မုန်းမိနေတော့
စကား စ တိုးတိမ် အိမ်ပြန်ချိန်တွေဆို
အလိုလိုငိုချင်လာမိတယ်…..
ဝေးခဲ့ပါပြီဆိုပေမယ့်
ဘယ်အတွက်ကြောင့်လက်မခံနိုင်သေးတာလဲ
နုတ်ဆက် လမ်းခွဲ မျက်ရည်ဝဲ
မနက်ဖြန်တိုင်းလည်း အသည်းကွဲတယ်…..
ဒီလိုနဲ့ပဲ ဘ၀ဟာညလိုဟန်ဆောင်ကပြ
ဘာကိုမှစိတ်မချတော့ဘူး
အိပ်မက်တွေလည်း ဖြူလျော် ခြကိုက် ပိုးထိုး

အဲဒီ့အချစ်ကိုက လာခြင်းဆိုးတယ်…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: