ရန်ကုန်မြို့တော်လုံခြုံရေးအရေးကြီးနေရာများနှင့် ဆေးရုံများ၂၄နာရီ လျှပ်စစ်မီးပေးထားဟုဆို

ရန်ကုန်မြို့တော်ရှိလုံခြုံရေးအရ အရေးကြီးသည့် နေရာများနှင့် ဆေးရုံများကို ၂၄နာရီလျှပ်စစ်မီးပေးထားသည်ဟု ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်လတ်ကပြောကြားသည်။ ရန်ကုန်မြို့တော်ရှိ လုံခြုံရေးအရ အရေးကြီးနေရာများ၊ ဆေးရုံ၊ရဲစခန်း၊ လေယာဉ်ကွင်းစသည့်တို့ကို ၂၄နာရီလျှပ်စစ်မီးပေးထားကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် A၊ B၊ C အုပ်စုသုံးစုခွဲကာတစ်အုပ်စုလျှင်တစ်ရက်ခြောက်နာရီသာ လျှပ်စစ်မီးပေးဝေကြောင်း၊ ယင်းကဲ့သို့ မီးပေးခြင်းမှာ ယာယီသာဖြစ်ပြီး ယခုလကုန်ပိုင်းအထိသာ ဖြစ်ကြောင်း ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများပြန်လည်ကောင်းမွန်လာပါက ယခင်ကအတိုင်းလျှပ်စစ်မီးပြန်လည်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယင်းအပြင်လုပ်ငန်းသုံးပါဝါမီတာများကိုဖြုတ်သိမ်းရန်ညွှန်ကြားထားကြောင်း၊ လျှပ်စစ်မီးခြောက်နာရီသာရရှိခြင်းကြောင့် ပုဂ္ဂလိကစက်ရုံအချို့နှင့် လုပ်ငန်းအချို့ရပ်ဆိုင်းထားရကြောင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်သူများထံမှစုံစမ်းသိရှိရကြောင်း ၂၀၁၀ခုနှစ်မေလ ၂၄ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

One thought on “ရန်ကုန်မြို့တော်လုံခြုံရေးအရေးကြီးနေရာများနှင့် ဆေးရုံများ၂၄နာရီ လျှပ်စစ်မီးပေးထားဟုဆို

  1. saturdayborn77 May 22, 2010 at 3:58 am Reply

    ဆေးရုံတွေတောင်မီးကမှန်ပါဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: