ထက်ထက်မိုးဦး…အေးသူစံနှင့် နောက်ဆက်တွဲ ဂယက်….

အနုပညာရှင်တစ်ယောက်ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတစ်ယောက်ဖြစ်သည့် 7 Day News Journal မှ သတင်းထောက်မအေးသူစံတို့၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အများပြည်သူသိရှိစေရန် တင်ပြလာခဲ့သည့် စာနယ်ဇင်းများဖြစ်သည့် The Voice Weekly နှင့် The First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ခေတ္တဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်ကြောင်းကို ယနေ့(၂၃-၅-၂၀၁၀)တွင် အဆိုပါဌာန၌ အတည်ပြုကြေငြာထားကြောင်းသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စာနယ်ဇင်းလောကတွင် အငြင်းပွားခြင်း၊ ထင်မြင်ချက်ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

“စာပေစိစစ်ရေးအနေနဲ့အခုလိုဆုံးဖြတ်တာဟာ ဘာ့ကြောင့်ဆိုတာတော့သေချာမသိပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖော်ပြတဲ့အတွက် လုပ်တာဆိုတော့ သိပ်ပြီးတရားနည်းလမ်းမကျဘူးလို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသတင်း၊ ဒီကိစ္စက လုပ်ကြံထားတဲ့သတင်းမှမဟုတ်တာ။ လူအများရှေ့မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ ဒါကို ဖော်ပြလို့ ထုတ်ဝေခွင့်ဆိုင်းငံ့တယ်ဆိုရင် အများပြည်သူအတွက် ရေးသားဖော်ပြနေတဲ့ စာနယ်ဇင်းကောင်းတွေဟာ ထိခိုက်စရာဖြစ်လာပါတယ်။ ဒီကိစ္စတစ်ခုတည်းကိုပြောတာမဟုတ်ဘူး။ အများပြည်သူသိသင့်ရဲ့နဲ့ မသိရ၊ သိခွင့်မပေးတဲ့အခြားဖြစ်ရပ်မှန်သတင်းတွေလည်း ခုလိုပဲ တင်ပြခွင့်မရှိလို့ တိမ်မြုပ်သွားတာတွေရှိနေပါတယ်။ တကယ်တမ်းက စာနယ်ဇင်းတွေအနေနဲ့ နိုင်ငံတော်သိက္ခာထိပါးပျက်ပြားစေမယ့် အရေးအသားမျိုး၊ သတင်းမျိုးကလွဲရင် အများပြည်သူသိရှိသင့်တယ်လို့ထင်တဲ့ သတင်းတွေကို လွတ်လပ်စွာ တင်ပြခွင့်ရှိသင့်ပါတယ်။ အဲလိုတင်ပြလို့မှ သတင်းဟာမှားနေမယ်ဆိုရင် တင်ပြတဲ့မီဒီယာက တာဝန်ယူရဲဖို့ပဲလိုပါတယ်။ ခုလိုဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ပိုပြီးတော့တောင် သတင်းလွတ်လပ်ခွင့်ကို ပေးသင့်ပါတယ်´´ ဟု ၀ါရင့်စာနယ်ဇင်းဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

ထိုသို့ ဆိုင်းငံ့ခံရမှုနှင့်ပတ်သက်၍ စာနယ်ဇင်းသမားတစ်ဦးကလည်း“ဆိုင်းငံ့ခံရတာထက်စာရင် ခုလို့ဖြစ်ရပ်မှန်ကိုတင်ပြခွင့်ရလိုက်တာက အမြတ်လို့တောင်ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုဖြစ်ရပ်မျိုးတွေက နောက်လည်း မကြုံနိုင်ဘူးလို့မပြောနိုင်ဘူး။ အနုပညာအသိုင်းအ၀ိုင်းနဲ့ စာနယ်ဇင်းအသိုင်းအ၀ိုင်းဆိုတာ ကင်းတာမှမဟုတ်တာ။ အဲဒီတော့ နောက်လည်းဒါမျိုးကြုံလာလို့ရှိရင် ရှေ့ကအဖြစ်အပျက်ကိုပဲကြည့်ကြတော့မယ်။ ရှေ့မှာဖြစ်တယ်။ ငြိမ်နေလိုက်တယ်။ ပြီးသွားတယ်။ အဲလိုဆိုရင် နောက်ကျရင်လည်း ခုလိုဖြစ်လာမယ်။ ခုလိုအများသိအောင်တင်ပြလိုက်တော့ နောက်ပိုင်းမှာ အမှားအမှန်နဲ့ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ကြတော့ဘူးပေါ့။ စာနယ်ဇင်းနဲ့ အနုပညာလောကဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီတွေပါ။ ခုလိုဖြစ်တာကတော့ မကောင်းဘူးပေါ့။ အနုပညာရှင်ဘက်က ဒါကိုသိသင့်တယ်။ ဆင်ခြင်သင့်ပါတယ်။ လိုအပ်မှ စာနယ်ဇင်းကို သုံးမယ်။ မလိုအပ်ရင် စာနယ်ဇင်းကို ဂျောင်ထိုးထားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကတော့ အောက်ကျလွန်းတယ်လို့ထင်ပါတယ်။ ခုဖြစ်ရပ်မှာလည်း ထက်ထက်မိုးဦးက “စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်တယ်လို့ပြောပြီး သတင်းထောက်ကို ဆံပင်ဆွဲပြီး ပါးရိုက်ခဲ့တယ်လို့ သိရတယ်။အဲဒါမျိုးက လုပ်ငန်းကိုပါစော်ကားရာရောက်ပါတယ်။ ဒါမျိုးမလုပ်သင့်၊ မပြောသင့်ပါဘူး´´ဟုသုံးသပ်ပြောကြားသည်။

ယခုလို ဂျာနယ်များဆိုင်းငံ့ခံရသည်နှင့်ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်ခြင်းသည် နည်းလမ်းကျသည့်လုပ်ဆောင်မှုမျိုးမဟုတ်ကြောင်း၊ သတင်းမှန်ကို သတင်းမှန်အတိုင်းတင်ပြခြင်းဖြစ်သည့်အတွက် သတင်းလွတ်လပ်ခွင့်ပေးသင့်ကြောင်း၊ ကာယကံရှင်ဂျာနယ်များအနေနှင့်လည်း ထိုသို့ဆိုင်းငံ့ထွက်မလာမီကပင် ယင်းသတင်းကိုထည့်သွင်းပါက ဆိုင်းငံ့ခံရမည်ကို သိရှိသော်လည်း နောက်နောင် ထိုဖြစ်ရပ်မျိုးမဖြစ်စေရေးနှင့် အများပြည်သူသိရှိနိုင်ရေးအတွက်ရှေ့ရှု၍ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သော စာနယ်ဇင်းမျိုး၊ မီဒီယာမျိုးများစွာပေါ်ပေါက်ရန်လိုအပ်ကြောင်းဖြင့် စာနယ်ဇင်းလောကတွင် ပြောကြားလျက်ရှိကြောင်း သိရသည်။

The First Music ဂျာနယ်တွင် ဖော်ပြပါရှိသည် ထက်ထက်မိုးဦးနှင့် အေးသူစံဖြစ်စဉ်…

Tagged:

10 thoughts on “ထက်ထက်မိုးဦး…အေးသူစံနှင့် နောက်ဆက်တွဲ ဂယက်….

  1. Shwemannmay May 24, 2010 at 1:59 am Reply

    ဒီကိစ္စမှာ သတင်းက အဓိကမကျဘူး ။ ဒီသတင်းကို ဘာလို့ လိုက်ပိတ်တာလဲဆိုတာ က သတင်းဖြစ်နေတာ ။

  2. zayarsan May 24, 2010 at 4:22 am Reply

    စာနယ်ဇင်းများဖြစ်သည့် The Voice Weekly နှင့် The First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ခေတ္တဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်ကြောင်းကို ယနေ့(၂၃-၅-၂၀၁၀)တွင် အဆိုပါဌာန၌ အတည်ပြုကြေငြာထားကြောင်းသိရသည်။

    Is that Democracy ?😦

  3. poeaung6 May 24, 2010 at 4:28 am Reply

    ဟုတ်တယ်ဗျ ဘာကြောင့်လိုက်ပိတ်တာလည်း မဖြစ်သင့်တဲ့ကိစ္စပါ ဒီမိုကရေစီကိုကြွေးကြော်နေပြီး အခုလို ပိတ်ပင်တာ ဘယ်လိုနားလည်ရမှာလည်း ပြည်သူတွေကမှ အယုံအကြည်မရှိရတဲ့အထဲ အခုလိုလုပ်တော့ ပိုမယုံစရာဖြစ်တော့တာပေါ့

  4. saturdayborn77 May 24, 2010 at 4:33 am Reply

    ပိတ်လေပွင့်လေဆိုတာ စာပေကင်ပေတိုင် က မသိဘူးလား?

  5. chitkoko May 24, 2010 at 6:54 am Reply

    ဒီကိစ္စမှာထက် ထက်မိုးဦးအလွန်၇ိုင်းပါတယ်။ပြည်သူသိအနုပညာ၇ှင်တစ်ယောက်အနေနဲ.ဒါမိုးမလုပ်သင်.သလိုနှစ်ပဲတစ်ပြားလစာဆိုတဲ.စကားဟာmediaတွေအားလုံးကိုစော်ကားတာပါ။သူကိုယ်တိုင်တောင်သီချင်းmediaကလာတာမဟုတ်ဘူးလား။ကိုယ်ဘ၀ကိုယ်မေ.နေတာလားလို.မေးချင်တယ်။နောက်ပြီးစာပေစီစစ်ေ၇းကဘာကြောင်.Journalနှစ်စောင်ကိုပိတ်၇တာလဲ။နိုင်ငံတော်ကိုထိခိုက်လည်းမဟုတ်ဘူး။ဒါမှမဟုတ်ထက်ထက်မိုးဦးနဲ.ဘာတော်လို.လဲ။သတင်းလွတ်လပ်ခွင်.မ၇ှိပဲဒီမိုကေ၇စီနိုင်ငံလို.အော်နေတာဟာမီုးပြင်းပြင်း၇ွှာနေတဲ.အချိန်မှာဟောင်နေတဲ.ခွေးလိုပဲဖြစ်မှာပေါ.။ ကျွန်တော်အနေနဲ.မအေးသူစံဘက်မှာထောက်ခံသလိုmediaတွေအနေနဲ.ဆက်လက်ေ၇းသားဖို.ထေက်ခံပါတယ်
    ဘာကြောင်.လည်းဆို၇င်Journalပိတ်ခံ၇မှာစိုးလို.မေ၇း၇င်ပြည်သူတွေအမှန်တ၇ားမျက်စိကွယ်လိမ်.မယ်။

  6. darkoosky May 24, 2010 at 8:42 am Reply

    Daw Htet Htet yal.. khinbya ka celebrity pae.. Di lout taut shi hmar pauk byar.. Khinbya ko ka ma hote tar..
    Ma hote tar tway lote htar tar ko bya.. ma hote tar tway pyit hmar pauk byar

  7. timothy May 24, 2010 at 4:04 pm Reply

    Military authority will never tolerate this kind of behaviours stemmed from western democracy. The rich and stronger one can always beat, smack, condemn, torture, maim, kill and degrade the weak and poor in failed state of Burma. The Junta had successfully brain washed the public to believe in wrong and forget the truth. Now, with the help of information superhighways, the new generation of public will bring in new ideas and wind of change to much secretive society. The junta will resist any changes which can challenge their authority. The generals will gang up with the strong to nail the weak down. There will always be unfair verdict for the people.

  8. သတင်းလူသား May 24, 2010 at 6:39 pm Reply

    သုံးသပ်ဝေဖန်ပေးသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ စာနယ်ဇင်းသမား၊ စာနယ်ဇင်းလောကကို အချို့သောပြည်သူများနှင့် အနုပညာရှင်များက နားမလည်သေးတာတွေလည်း တွေ့ရှိနေရပါသေးတယ်။ စာနယ်ဇင်းသမားစစ်စစ်၊ သတင်းသမားစစ်စစ်ဆိုတာတွေက ထက်ထက်မိုးဦးပြောခဲ့သလို နှစ်ပဲတစ်ပြားငွေကြေးကို အဓိကထားပြီးလုပ်သူတွေမဟုတ်ကြပါဘူး။ ၀ါသနာရယ်…စေတနာရယ်…ပေါင်းပြီး အနစ်နာခံလုပ်နေကြသူတွေဖြစ်ပါတယ်။(ဘယ်နေရာမဆိုတော့ စုန်းပြူးကတော့ရှိပါတယ်…အနည်းငယ်ပါ။ စာနယ်ဇင်းလောကနာမည်ပျက်ရတာလည်း အဲဒီ့စုန်းပြူးများကြောင့်သာဖြစ်ပါတယ်။)
    စာနယ်ဇင်းလောကထဲမှာ စာနယ်ဇင်းသမားစစ်စစ်အဖြစ်ရပ်တည်နိုင်နေသူတွေဟာ ငွေကြေးထက် ၀ါသနာနဲ့ ပြည်သူအတွက်ကို အဓိကထားသူတွေဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပြောရဲပါတယ်။ ဘာကြောင့်လဲဆိုရင် စာနယ်ဇင်းလောကထဲမှာ လွယ်လွယ်နေထိုင်လို့မရလို့ပါ။ ဒုက္ခများစွာကိုလည်း ခံနိုင်ရပါတယ်။ အဲဒီ့အကြောင်းနဲ့ပတ်သက်ပြီး မကြာမီမှာ ကျွန်တော် သတင်းသမားဘ၀ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီဂေဇက်မှာ ရေးသားသွားဖို့လည်းရှိပါတယ်။ အားပေးဖတ်ရှုဝေဖန်ပေးသူအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်…

    • kai May 24, 2010 at 11:26 pm Reply

      သတင်းသမားတွေဟာ အခန့်မသင့်ရင် အသက်ပါပေးရတာတွေရှိပါတယ်။ တလောကပဲ ဘန်ကောက်မြို့မှာ သတင်းသမား အသက်ဆုံးရှုံးသွားရတယ်မဟုတ်ပါလား။
      ရန်ကုန်မြို့ လည်ခေါင်မှာလည်း ဂျပန်သတင်းသမားတယောက် ၂၀၀၇ က အသက်ပေးလိုက်ရဖူးတာပါပဲ..။
      သတင်းလူသားလို့ ခေါ်ရင်လည်း ရမယ်ပေါ့။

      မြန်မာသတင်းလူသားတွေက တခြားနိုင်ငံကလူတွေထက် ပိုခက်ခက်ခဲခဲ အလုပ်လုပ်ကြရတာ နားလည်သဘောပေါက်ပါတယ်။
      ဆောင်းပါးဖတ်ရရင်တော့ ပိုရှင်းလင်းထင်ရှားသွားမလားပါပဲ။
      စောင့်မျှော် အားပေးနေပါတယ်ခင်ဗျား။

  9. zuugyi June 1, 2010 at 7:19 am Reply

    အလကား.. ဘာဒီမိုကရေစီလဲ…ေ-ာက်သုံးမကျတဲ့ဒီမိုကရေစီလား… စာနယ်ဇင်းလွတ်လပ်ခွင့်ရဖို့နေနေသာသာ ဒီလိုနိုင်ငံရေးနဲ့မပါတ်သတ်တဲ့ သတင်းထည့်တာတောင် ဒီလိုလိုက်ပိတ်နေရင်လဲ.. စာပေစီစစ်ရေးကလူတွေ.. လဲပြီး သာသေလိုက်တော့လို့…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: