မန္တလေးမြို့တွင် ရေတွင်းတူးသူများကြောင့် ကွန်ပရက်ဆာ၊ မော်တာနှင့် ရေတွင်းတူးပိုက်ဆက်စပ်ပစ္စည်းများ ဈေးတက်

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ရေတွင်းတူးသူများ များပြားလာခြင်းကြောင့် ရေတွင်းတူးသူပိုက်၊ ရေစုပ်စက်နှင့် ဆက်စပ်စ္စည်းအချို့ အဝယ်လိုက်၍ ပစ္စည်းပြတ်လပ်လာခြင်းကြောင့် ဈေးနှုန်းတက်ရိပ်ပြလာခဲ့ပါတယ်။ ရေတွင်းတူးလုပ်ငန်းများကို နွေဝင်စကစပြီး တူးဖော်ခဲ့ကြရာ ယခုအခါ တူးဖော်သူပိုများ၍ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများ အဝယ်လိုက်ခဲ့ပါတယ်။ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံလုပ်ပစ္စည်းများဖြစ်၍ ထိုင်းနှင့် ကိုရီးယားနိုင်ငံများမှလည်း ဝင်ရောက်ပါတယ်။ ယခုအခါ ပစ္စည်းပြတ်လပ်၍ ပြည်ပသို့ မှာယူမှုများခြင်းကြောင့် ဈေးနှုန်းတက်ရိပ်ပြလာခဲ့ကြောင်း သိရပါတယ်။ ရိုစီအရောင်းဆိုင်မှ ကိုမောင်မောင်က “ ဈေးက အများကြီးတော့ မတက်ဘူး။ ၁၀ ရာခိုင်နှုန်းလောက်ပဲတက်တာ။ ပြည်ပကမှာရတော့ ပစ္စည်းမှာရင် ကြာတယ်။ အခုလက်ကျန်နဲ့ ရောင်းနေရတာ၊ ဒါကြောင့် ဈေးတက်တာလည်းပါတယ်။ ဟိုဘက်က ရောက်လာရင်လည်း အရင်ဈေးနဲ့ မရဘူး။ နှစ်တိုင်း နွေရောက်လာရင် ရောင်းအားကောင်းတော့ အရေအတွက်တစ်ခုကို ထုတ်ရောင်းပေမယ့် ဒီနှစ်ကပိုပြီး ရောင်းကောင်းတဲ့အတွက် ပစ္စည်းပြတ်ခဲ့တာ။ ပစ္စည်းပြတ်တော့မယ့် အခြေအနေကြည့်ပြီး ကြိုတင်မှာရတယ် ” လို့ပြောပါတယ်။ ရေတွင်းတူးပိုက်(တိုက်ဂါး) တစ်လုံးကို ၄၃၀၀ ကျပ် ၊ ဘန်ဟာ ၄၆၃၅ ကျပ် ၊ ဘိုစန်း ၃၆၂၅ ကျပ် ဈေးရှိ၍ ၁လက်မခွဲ တီဇုံတစ်ခု ၂၁၅၀ ကျပ်၊ ၁လက်မခွဲ ဒေါင်းပလပ် ၄၀၀၀ ကျပ်(တရုတ်)၊ ၁လက်မခွဲ ဘားဆော့ကတ် ၂၈၅ ကျပ်(ယိုးဒယား)၊ ၁လက်မခွဲ ဘလဘိုးတူ ၄၃၀ ကျပ်(ယိုးဒယား)၊ လေပိုက်တစ်ပေလျှင် (ရန်ကုန်) ၁၃၀ ကျပ်၊ (ကိုရီယား)အောက်ဆွဲသုံး ၁၅၀ ကျပ်၊ အပေါ်ဆွဲသုံး ၁၈၀ကျပ်၊ နော်ဇယ် ၃၀၀ကျပ်၊ ကလစ် ၇၅ ကျပ်၊ ကော်သေး ၅၀၀ကျပ်၊ ရေထိပ် ၁၅၀ ကျပ်ရှိပါတယ်။ ကွန်ပရက်ဆာနှင့် မော်တာများမှာ တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်၍ ကွန်ပရက်ဆာ ၂လုံးထိုး(ကျားသစ်) ၆၂၀၀ ကျပ်၊ (JCAIR) ၉၂၀၀ကျပ်၊ (JUCAI) ၁၀၂၀၀၀ကျပ်ဈေးရှိကာ မော်တာတစ်ကောင်ခွဲ ၈၀၀၀၀ ကျပ်၊ ၈၃၀၀၀ ကျပ်၊ ၉၅၀၀၀ ကျပ်၊ ၉၈၀၀၀ ကျပ် ဈေးရှိပါတယ်။ ကျားသစ် JUCAI ၊ LEXUS ၊ XINYA တံဆိပ်များကို အသုံးများကြောင်း သိရပါတယ်။ ရေဘုံဘိုင်(ရေတုံကင်) အပေါ်ဆွဲ အောက်ဆွဲတစ်လုံးကို ၂၀၀၀၀ ကျပ်၊ ရေပိုက်ပျော့များမှာ သင်္ကြန်မတိုင်မီက အဝယ်လိုက်ခဲ့ပြီး ယခုအခါ အဝယ်နည်း၍ ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ပိုက်ပျော့လုံးပတ် ၃ပဲမှ ၂လက်မထိ ဆိုဒ်အရွယ်စုံဝင်၍ ၁ပေလျှင် ၂၅ ကျပ်မှ ၁၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: