တရုတ်တွင် ၉ နှစ်သမီးနဲ့ ကလေးမွေး…

https://i0.wp.com/www.chinahush.com/wp-content/uploads/2010/01/201001289yearoldgilrbirth011.jpg

https://i0.wp.com/geozaki.com/wp-content/uploads/2010/01/BABY.jpg

https://i0.wp.com/dahlina.com/wordpress/wp-content/uploads/2010/02/9-year-old-mum-in-china.jpg

တရုတ်ပြည် အရှေ့မြောက်ပိုင်းက ၉ နှစ်အရွယ် ကလေးမှ ကလေးမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်… ဂျိလင်ပြည်နယ် ချန်ချွန်းက ဆေးရုံတခုမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်… ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိပြီး ကလေးမှာ ၂.၇၅ ကီလိုဂရမ်ရှိပါတယ်… အဆိုပါ ဖြစ်ရပ်မျိုးမှာ အိန်ဒိယ နှင့် တရုတ်ပြည် Wikipedia မှာ တခါမှ မရှိဖူးသေးသော ဖြစ်ရပ်မျိုးဖြစ်ပါတယ်… ၉ နှစ်အောက်နဲ့ မိခင်ဖြစ်သွားသော ဖြစ်ရပ်များမှာ ၂ ခု နှင့် ၉ နှစ်နဲ့ မိခင်ဖြစ်သွားသော ဖြစ်ရပ်မှာ ၅ခု သာ ကမ်ဘာမှာရှိပါသေးတယ်… ၁၉၃၉ ခုနှစ်က ပီရူးမှာ ၅ နှစ်သမီးနဲ့ တခါ၊ ၂၀၀၆ ခုနှစ်မှာ ၈ နှစ်သမီးနဲ့ အဲဒီ ပီရူးမှာပဲ နောက်တခါဟာ ၉ နှစ်အောက်နဲ့ ကလေးမွေးဖွားခဲ့သော ဖြစ်ရပ်ဖြစ်ပြီး… ၉ နှစ်နဲ့ ကလေးမွေးဖွားသော ဖြစ်ရပ်မှာ ၅ ခု၊ ၁၀ နှစ်နဲ့ မွေးဖွားသော ဖြစ်ရပ်မှာ ၉ ခု နှင့် ၁၁ နှစ်နဲ့ ကလေးမွေးဖွားသော ဖြစ်ရပ်မှာ ၈ ခု ရှိပါသေးတယ်..

Tagged: ,

23 thoughts on “တရုတ်တွင် ၉ နှစ်သမီးနဲ့ ကလေးမွေး…

  1. myominkhine May 26, 2010 at 3:45 pm Reply

    ဘယ်လိုများမွေးကြလဲဟင်
    IT ခေတ်မှာထူးဆန်းတာတွေပဲတွေ့နေမြင်နေရပါလားနော်

  2. kopauk mandalay May 26, 2010 at 4:29 pm Reply

    ဟုတ်မှဟုတ်ရဲ.လားဗျာ။
    လိမ်ဆင်တွေနဲ.အင်္ဂုလိတွေများတဲ.ခေတ်မှာ ယုံရခက်ခက်ပါနော်။

  3. kopauk mandalay May 26, 2010 at 4:31 pm Reply

    ဟုတ်မှဟုတ်ပါ.မလား။
    လိမ်ဆင်တွေအဂုင်္လိတွေများတဲ.ခေတ်ကြီးဆိုတော.ယုံရခက်ခက်ပါနော်။

  4. khinmintatthu May 26, 2010 at 6:58 pm Reply

    ခေတ်ကြီးတိုးတက်လာတာဗျ…..IT နဲ့လည်း ဆိုင်ချင်ဆိုင်မှာပေါ့………..

  5. bigcat May 27, 2010 at 1:09 am Reply

    Remind me of King KaThaLa’s 16 point dream.

  6. mickylay May 27, 2010 at 2:37 am Reply

    အခုခေတ်က မိန်းကလေးတွေ အပျိုဖြစ်တာစောလာကြပြီလေ။ မြန်မာပြည်မှာလဲ ၉ နှစ်လောက်နဲ့ အပျိုဖြစ်တာတွေ ရှိလာပြီ။ ငယ်သေးတယ်ဆိုပြီး လွှတ်ထားလို့မရတော့ဘူး။ မတော်လို့ လူယုတ်မာတွေနဲ့တွေ့သွားရင် အဲဒီလိုဗိုက်ထွက်လာမှာပဲ။

  7. moethiha May 27, 2010 at 4:03 am Reply

    အင်းနောက်ပိုင်းဆိုရင်ငါးနှစ်ဆိုရင်ပဲအိမ်ထောင်သားမွေးပြုတော့မှာနေမှာနော်

  8. Shwemannmay June 4, 2010 at 5:44 am Reply

    9 နှစ်နဲ့ :-O

  9. wailynnoo June 5, 2010 at 11:51 am Reply

    အဲဒီအရွယ်နဲ့ ကလေးမွေးလို့ရပါ့မလား? မဖြစ်နိုင်ဘူးထင်ပါတယ်။

  10. leohero June 7, 2010 at 4:42 am Reply

    ဖြစ်နိုင်ပါ့မလား ကလေးပုံလေးပဲတင်ထားတာပဲ … ဆေးပညာအရကြည့်ရမယ်ဆို မဖြစ်နိုင်လောက်တဲ့အဖြစ်မျိုးပဲ ….

  11. Amie June 10, 2010 at 11:02 pm Reply

    OMG!!! 9-year-old girl gave birth a baby???? the world supposed to be turning backward….. i can’t believe it ………

  12. balarkg June 13, 2010 at 1:54 pm Reply

    ငယ်ငယ်ကကြားဖူးတဲ့ လူ့သက်တမ်းတွေ တိုလာပြီဆိုတာ.. တကယ်ပဲ ဖြစ်လာပြီလား…

  13. Phyo Myint Kyaw June 14, 2010 at 10:38 am Reply

    ဟုတ်တယ်..ဟုတ်တယ်… ဒီဆောင်းပါးဖတ်ရတာ သံဝေဂရစရာပဲ… လူ့သက်တမ်းတိုလာတော့မယ်ဆိုတာကို သက်သေပြနေတာဗျို့…
    အခု ဆုတ်ကပ်ထဲရောက်နေကြပြီလေ…. ဆုတ်ကပ်က ၁၀ နှစ်သက်တမ်းထိ ဆုတ်မယ်ဆိုတော့.. အဲဒီ့ခေတ်ရောက်ရင် ၅ နှစ်လောက်နဲ့ ကလေးမွေးမယ်လို့
    ကြားဖူးတာ… အခုတည်းကဖြစ်နေပါပေါ့လား……..

  14. Thaw Zin Loikaw June 18, 2010 at 5:02 am Reply

    ဒါကြောင့်ပြောတာ လူလုပ်လို့ လူဖြစ်လာတာ ဖြစ်တောင့်ဖြစ်ခဲ့ပေါ့လေ…
    ခု မြန်မာပြည်မှာတောင် ၃တန်း ၄တန်း အရွယ်တွေ ရည်းစားထားကြလို့ ကျောင်းပြောင်းရွှေ့ရတာတွေတောင်ဖြစ်တယ်ဆိုပဲ။

  15. dondon June 19, 2010 at 1:15 pm Reply

    တကယ်ဆိုရင်တော့ ကြောက်စရာကြီးနော်
    မဖြစ်သင့်တာတွေဖြစ်နေတာလား
    ဖြစ်သင့်တာတွေဖြစ်လာတာလားဟာ ??????????

  16. etone June 21, 2010 at 2:48 am Reply

    ဟုတ်ရောဟုတ်လို့လား ဒီအရွယ်လေးနဲ့မွေးလို့ရတယ်ဆိုတော့ ။ ဒီအရွယ်လေးနဲ့ မွေးလို့ရတယ်ဆိုရင်တောင် ဒါဘယ်သူ့လက်ချက်လဲ ။ ဘယ်နွားအိုက မြက်နုကြိုက်တာတုန်း ။

  17. mandalaythu June 25, 2010 at 11:36 am Reply

    သတင်းက ပြည့်စုံအောင် မရေးပေးထားသလိုဘဲ ဒီသတင်းကို တရုတ်လို ဖတ်ပြီးတာကြာပါပြီ. ကိုယ်ဝန်ကဘယ်နွားအိုရဲ့ လက်ချက်မှမဟုတ်ပါဘူး။ ဒီ၉နှစ်သမီးကို သူ့မိခင်ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ဒီကလေးရဲ့သားအိမ်ထဲကို သူ့မိခင်ရဲ့နောက်ထပ်မျိုးဥက ကလေးအချင်းကနေ တဆင့်ဝင်ရောက်သွားလို့ပါ။ ဒါကဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်ပါ။

  18. winnyinyioo July 8, 2010 at 12:23 pm Reply

    ဟုတ်ပါ့မလား ကလေးပုံပဲတင်ထားပြီး မွေးတဲ့၉နှစ်အ၇ွယ်ကောင်မလေးပုံတော့မတင်ထားပဲနဲ့ဘယ်လိုယုံ၇မှာလဲ ဖြစ်လည်းမဖြစ်နိုင်ပါဘူး ယုံ၇ခတ်ခတ်ပါပဲ

  19. winne July 11, 2010 at 12:47 pm Reply

    ဟိုတခါကတော့ ၁နှစ်ခွဲနဲ့ ဗိုက်ထဲကလေး တယောက်ရှိတယ်ဆိုတာ ကြားမိတယ် မေးထဲရောက်လာလို့ အခုကော ဘယ်လိုကြီးလဲ ၁နှစ်ခွဲကတော့ ဆရာဝန်တွေ ကောက်ချက်ချတာ အရင်မိခင်ဆီကနေ တဆင့်ပါလာတယ်ဆိုတာ ထားပါတော့လေ။ အခုဟာက လူမဖြစ်တဖြစ်လေးဘဲ ရှိသေးတယ် ကလေးမွေးတဲ့ ကလေးလည်း တော်တော်ခံရမှာဘဲနော် သနားပါတယ်

  20. gar July 12, 2010 at 3:18 am Reply

    ဘယ်လိုများမွေးကြလဲဟင်

  21. Bl@dE August 24, 2010 at 2:02 pm Reply

    မယုံနိုင်စရာကြီးတွေပါလားဗျာ…မဖြစ်နိုင်ဘူးလို.တော့မျက်စိမိတ်ပြီးမပြောပေမဲ့ယုံရအခက်ကြီးးးးးး

  22. japanesegirl September 13, 2010 at 6:42 am Reply

    မြေဇာပင်ပုခတ်လွှဲခေတ်ရောက်ပြီထင်တယ်နော်
    မဖြစ်သင့်တဲ့အရာတွေလေ
    ခေတ်တွေပြောင်းလဲသည့်နှင့်အမျှ ဒီလိုသတင်းတွေကြားရတာတော့
    မကောင်ဘူးနော်…………………တတ်နိုင်သမျှဒီလိုအဖြစ်တွေ
    နောက်ထပ်မဖြစ်စေချင်ပါဘူး

  23. satsaw September 17, 2010 at 7:35 am Reply

    ဟဲ ငတုံတွေ ၉နှစ်ကလေးက မွေးပေးဒါ………………….။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: