ရန်ကုန်မြို့တော်တွင် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်ရန်မလိုဟုဆို

ရန်ကုန်မြို့တော်နေပြည်သူများအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်စရာမလိုကြောင်း၊ အဆိုပါကော်မတီ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။ “မိုးမကျခင်အချိန်အတွက် ရန်ကုန်မြို့မှာ ရေလုံလောက်မှုရှိပါတယ်။ နောက်ထပ်နှစ်လစာရှိတယ်” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ၃၃မြို့နယ်ရှိ လူဦးရေ ငါးသန်းအတွက် တစ်ဦးလျှင် တစ်နေ့အတွက် ဂါလန် ၃၀နှင့်ဆိုပါက လိုအပ်သော ရေဂါလန်မှာ သန်း ၁၅၀ဖြစ်ကြောင်း၊ နေ့စဉ်ပေးဝေနေမှုမှာ ဂါလန် သန်း ၁၆၀ဖြစ်ကြောင်း သိရသည်။ ပေးဝေနေသော ရေများမှာ ဂျိုးဖြူကန်မှ ဂါလန် ၂၇သန်း၊ ဖူးကြီးကန်မှ ဂါလန် ၅၄သန်း၊ လှော်ကားကန်မှ ဂါလန် ၁၄သန်း၊ အ၀ီစိတွင်းမှ ဂါလန် ၁၆သန်း၊ ငမိုးရိပ်အထယုမှ ဂါလန် ၄၅သန်း၊ ဒဂုံတောင် ၁၀၇ရေပေးဝေရေးမှ ရေဂါလန် တစ်သန်း၊ ဒဂုံတောင် ၅၇ရပ်ကွက် ရေပေးဝေရေးစခန်း ဂါလန် တစ်သန်း၊ ထန်းတစ်ပင် သဲဖြူရေသုံးကန်မှ ဂါလန်တစ်သန်း၊ စမ်းချောင်း နာနတ်တောစိမ့်ပြာရေစုတွင်းကျယ်မှ ဂါလန် တစ်သန်း စုစုပေါင်း ရေဂါလန်သန်း ၁၆၀ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် မီးစက် ၅၁လုံဖြင့် ဒီဇယ်၊ အင်ဂျင်မောင်း၍ ပိုက်လိုင်းများအား ရေအားဖြည့်စနစ်ဖြင့် ရေပေးဝေမှုများလည်း ပြုလုပ်နေကာ ယခုဘဏ္ဍာနှစ်အပါအ၀င် အ၀ီစီတွင်းပေါင်း ၄၉၆တွင်း တူးပေးပြီးဖြစ်ကြောင်း ၊ ၄င်းအပြင် ရေဂလန် ၃၂၀၀ဆံ့ ရေဘောက်ဆာကား အစီး ၂၀၊ ရေလှောင်သံကန် လေးစီး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့် ရေးပေးဝေမှုများ ပြုလုပ်နေပြီး ယခုရက်ပိုင်းအတွင်း ရေတွင်းတူးစက် ၁၀ခု ထပ်မံတပ်ဆင်နေကြောင်း၊ ရန်ကုန်တွင် ရေလုံလောက်မှုရှိကြောင်း ၄င်းကသတင်းပေးပြောကြားခဲ့ကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

One thought on “ရန်ကုန်မြို့တော်တွင် နောက်ထပ် နှစ်လအထိ ရေအတွက် စိုးရိမ်ရန်မလိုဟုဆို

  1. MandalayThar May 26, 2010 at 8:09 am Reply

    အသာလုပ်ပါ မောင်ကာလုရာ…. ရန်ကုန် ရေကြီးနေပါအုံးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: