နှစ်လုံးထီလောင်းကစားမှုလုပ်ငန်း ရပ်တန့်

လူ ၆၇ဦးသေဆုံး၍ ၁၇၀၀ဦးခန့် ဒဏ်ရာရရှိခဲ့သော ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်၌ ထိုင်းတပ်မတော်နှင့် ရှပ်နီဆန္ဒပြသူများကြား ထိပ်တိုက်ရင်ဆိုင်မှုများအပြီး ထိုင်းစတော့အိတ်ချိန်းနှင့် ဘဏ်အဆောက်အအုံများ မီးလောင်ခဲ့မှုကြောင့် နှစ်ကာလများစွာ မြန်မာနိုင်ငံ၌ ခေတ်စားနေသော တရားမ၀င် နှစ်လုံးထီလောင်းကစားလုပ်ငန်းမှာ ရပ်တန့်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ တရားမ၀င်ပြုလုပ်နေကြသော နှစ်လုံးထီလောင်းကစားပုံမှာ ထိုင်းစတော့ရှယ်ယာဈေးနှုန်းများကို ထိုင်းရုပ်သံလိုင်းတစ်ခုမှ ထုတ်လွှင့်သော နောက်ဆုံးဂဏန်းနှစ်လုံးအားယူ၍ ရုံးဖွင့်ရက်များတွင် နံနက် ၁၂နာရီနှင့် ညနေ ၄နာရီတွင် တစ်ရက်နှစ်ကြိမ်ပေါက်ဂဏန်းအဖြစ် ကစားခဲ့ကြခြင်းဖြစ်သည်။ မေလ ၂၀ရက်မှစ၍ စတော့အိတ်ချိန်းအဆောက်အအုံများ မီးလောင်ခဲ့သဖြင့် ထိုနေ့မှစ၍ ထိုင်းစတော့အိတ်ချိန်းဈေးကွက်မှာလည်း ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အဆိုပါလောင်းကစားနည်းမှာလည်း ယာယီရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါလောင်းကစားနည်းအား အိမ်ရှင်မအမျိုးသမီးအများစု ကစားလေ့ရှိကြပြီး သက်ဆိုင်ရာကလည်း လောင်းကစားခြင်းအား တားဆီးရန် ကစားသူနှင့်ဒိုင်များကို ဖော်ထုတ်အရေးယူခဲ့ခြင်းများရှိခဲ့ကြောင်း ၂၀၁၀ခုနှစ် မေလ ၂၇ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 thoughts on “နှစ်လုံးထီလောင်းကစားမှုလုပ်ငန်း ရပ်တန့်

  1. banban May 26, 2010 at 7:27 am Reply

    ခု…ပြန်စနေပီဂျ

  2. khinmintatthu June 5, 2010 at 6:48 pm Reply

    အမြဲတမ်းရပ်တန့်နေရင်ကောင်းမှာပဲနော်…….

  3. Shwemannmay June 7, 2010 at 7:25 am Reply

    ပာင် အမြဲတမ်းရပ်သွားရင် ရဲတွေဘယ်လိုလုပ်မလဲ။ သူတို့ က လစာနဲ့ စားတာမှမပာုတ်တာ ။ သူတို့ လခက အဲဒီလို လောင်းကစားတွေကနေ ဆက်ကြေးကောက်ပြီးမှခွဲစားကြတာ။ ရဲတွေတော့ငတ်ပီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: