ကျွန်တော်ချစ်တဲ့  အဖေ……..
အဖေ…အိပ်ရာထဲလဲနေပေမယ့်..
အားမငယ်ပါနဲ့ နော်……..
အဖေ..ဘေးမှာလေ….
အဖေကို…အရမ်းချစ်တဲ့ ..
ဇနီးနဲ့ အဖေ အရမ်းချစ်ရတဲ့ သား…
ရှိပါတယ်…..အဖေရယ်…….
အဖေဘေးနားမှာ..သားယုယုယယနဲ့ ..
မ***ရှောက်နိုင်တာကိုတော့….
အဖေ ..စိတ်မခုပါနဲ့ နော်……
အဖေဖြစ်စေချင်တဲ့ ..
အဖေရဲ့ ရည်မှန်းချက်တွေကို ..
သားဖြည့် စီးပေးခဲ့ တာ…
အဖေကျေနပ်ရဲ့ လား…
အဖေ….ပြောနေကျလေ..
သားနဲ့ အမေကို……
( ငါ့ အလုပ်လုပ်နေတာငါ့ သားလေးအတွက်…ငါ့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ရင်.ငါသေပျော်ပြီလို့ လေ…)
ဒါပေမယ့် အဖေ….
အဲဒီစကား..ဒီအချိန်မှာ..မပြောပါနဲ့ တော့ အဖေရယ်…….
အဖေရဲ့ ကျေးဇူးတွေ…သားဘာမှမဆပ်ရသေးဘူးလေ……..
အဖေကို ပြည့် ပြည့် စုံစုံ….
ထားချင်သေးတယ်………..
အဖေနေချင်တဲ့ ..အဖေဖြစ်ချင်တဲ့ ဘ၀မျိုးကို သားလုပ်ပေးပါစစေအုံး..
အဖေ..အားမငယ်ပါနဲ့  အဖေရယ်…
အဖေ အလုပ်မလုပ်နိုင်ပေမယ့် ….
အဖေသားရှာကျွေးနိုင်ပါတယ်…
အဖေရင်ထဲက ခံစားချက်တွေကို.သားနားလည်ပါတယ်……
သားအတွက်…..အရမ်းစိတ်ပူတတ်တဲ့ အဖေ…
လမ်းမှားရောက်မှာ စိုးလို့ ဆုံးမခဲ့ တဲ့  အဖေ….
ဆဲဆိုတတ်တဲ့ အဖေ………
ဒီအချိန်မှာ..အဖေရဲ့ ဆုံးမမှုတွေက ..
သားဘ၀အတွက်………
အကောင်းဆုံး သင်ခန်းစာတွေပါပ..အဖေရယ်…………..
သားကို ပခုံးပေါ်တင်လို့ ..ဆင်ကြီးမိုမိုလို ကခဲ့ တဲ့  အဖေ..
သားက ပြန်အော်ခဲ့ လို့ ……မျက်ရည်ကျခဲ့ တဲ့ ..အဖေ…
အိပ်ပေါ်ကဆင်းသွားလို့ …..အိပ်ရေးတွေပျက်ပြီး နေမကောင်းဖြစ်ခဲ့ တဲံ.. အဖေ..
သားအိမ်ပြန်မရောက်မချင်းအိမ်ပေါက်ဝကနေစောင့် နေတတ်တဲ့ အဖေ..
အဖေကို အရမ်းချစ်တယ်…….
အဖေ…
အဖေနေမကောင်းပေမယ့် 
အားမငယ်ပါနဲ့ နော်….
အဖေ့နားမှာ..
အဖေချစ်တဲ့ …သားတစ်ယောက်….
ရှိနေပ်ါသေးတယ်..
အဖေရယ်……………..
ညိုကြီး..ု
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: