လေလွင့်သူများနှင့် တောင်းရမ်းသူများကို မန္တလေးမြို့ပေါ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့

မန္တလေးမြို့ပေါ်ရှိလမ်းများနှင့် ဘုရားပရဝဏ်များတွင် လေလွင့်လူငယ်များ၊ တောင်းရမ်းစားသောက်သူများ ပပျောက်စေရန် ယခုလ ၅ရက်နေ့က မဟာမုနိဘုရားကြီးပရဝဏ်ရှိ တောင်းရမ်းသူများကို မြို့တော်စည်ပင်သာယာရေးကော်မတီက ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဘုရားကြီးပရဝဏ်မှ ဖမ်းဆီးထိန်းသိမ်းထားသူများတွင် အမျိုးသမီး ၈ဦး၊ အမျိုးသား ၁၉ဦးနှင့် ကလေးငယ် ၇ဦးပါဝင်ပြီး ဈေးများနှင့် ဆေးရုံအနီးတစ်ဝိုက်တွင် နေထိုင်သူများကို စောင့်ဆိုင်းဖမ်းဆီးထားသူ အားလုံးစုစုပေါင်း ၆၅ဦး အထိရှိပြီဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ ကလေးငယ်များအား သာသနာ့ဘောင်ဝင်လိုလျှင် ခွင့်ပြုမည်ဖြစ်ကာ ကျန်းမာသန်စွမ်းသော အမျိုးသားများအား စည်ပင်သာယာရေးကော်မတီက အလုပ်အကိုင်ပေးမည် ဖြစ်ကြောင်းသိရသည်။ “ ကလေးငယ်တွေကို သာသနာ့ဘောင်ဝင်ချင်ရင် ဝင်နိုင်အောင် ဆရာတော်တစ်ပါးက အလှူခံထားပါတယ်။ ကျန်းမာရေးကောင်းတဲ့ အမျိုးသားတွေ အလုပ်လုပ်ချင်တယ်ဆိုရင် မြို့တော်စည်ပင်မှာ သင့်တော်တဲ့အလုပ်ပေးဖို့ ရှိပါတယ်။ အနာကြီးရောဂါသည်တွေကိုတော့ ရေနံ့သာဆေးရုံကို ပြန်ပို့ဖို့စီစဉ်ထားပါတယ် ” ဟု သန့်ရှင်းရေးဌာနမှူး ဦးတင်ထွဋ်ကျော်က ပြောကြားခဲ့ကြောင်း ၂၀၁၀ခုနှစ် မေလ ၂၈ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

One thought on “လေလွင့်သူများနှင့် တောင်းရမ်းသူများကို မန္တလေးမြို့ပေါ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့

  1. poeaung6 May 28, 2010 at 1:27 pm Reply

    ကောင်းပါတယ်ခင်ဗျာ အနာကြီးရောဂါသယ်တွေကို ဆေးရုံပြန်ပိုတာ ကောင်းပါတယ် ။ အောက်ခြေ၀န်ထမ်းတွေက ကောင်းမွန်မှ နေထိုင်ရတာအဆင်ပြေမှာပါ ပြီးစလွယ်အလုပ်ကိုလုပ်နေရင်တော့ မဖြစ်ဘူးပေါ့။ နောက်လည်းအခုလို ပြန်ခေါ် ပြန်ပို့အလုပ်ရှုပ်တာပေါ့…။လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: