ရန်ကုန်ရှိ ဖိုင်ဘာ ဆက်ကြောင်းများ ဂစ်ဂါဘိုက် နက်ဝပ်သို့ အဆင့်မြှင့်

အိမ်တိုင်ရာရောက်ဖိုင်ဘာစနစ် Fiber To The Home (FTTH) ဖြင့် အင်တာနက် သုံးစွဲနိုင်ရန် ရန်ကုန်ရှိ ဖိုင်ဘာ ဆက်ကြောင်းများကို စက် ပစ္စည်းများ ထပ်မံတပ်ဆင်ပြီး Metro GE (Gigabyte Ethemet) Network အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ရန်ကုန်မှာရှိပြီးသား ဖိုင်ဘာ ဆက်ကြောင်းတွေကို မဂ္ဂါဘိုက်ကနေ ဂစ်ဂါဘိုက်အထိ တိုးမြှင့်ပြီး ဂစ်ဂါဘိုက်နက်ဝပ် ဖြစ်အောင် လုပ်နေပါတယ်။ မန္တလေးကတော့ Virgin Network ဖြစ်တဲ့အတွက် ပိုလွယ်တယ်။ ရန်ကုန်မှာ တစ်မြို့လုံး မဟုတ်တောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ အကောင်အထည် စဖော်ဖို့ ရှိပါတယ် ”ဟု ၄င်းကပြောသည်။ လက်ရှိ အနေအထားအရ လိုအပ်သော Bandwidth Capacity မရနိုင်သေးသဖြင့် အဆင့်မြှင့်တင်ရခြင်း ဖြစ်ကာ ကုမ္ပဏီ လေးငါးခုခန့်ကိုလည်း Local Service Provider များအဖြစ် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်သည်။ ယင်းအိမ်တိုင်ရာရောက် ဖိုင်ဘာဖြင့် သွယ်တန်းအသုံးပြုရမည့် အင်တာနက် စနစ်ကို ရန်ကုန်ရှိ အိုင်တီ ရှော့ပင်းမောလ်များကလည်း စိတ်ဝင်စားနေပြီး ရတနာပုံ တယ်လီပို့သို့ လျှောက်ထားကာ စောင့်ဆိုင်းနေကြကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

7 thoughts on “ရန်ကုန်ရှိ ဖိုင်ဘာ ဆက်ကြောင်းများ ဂစ်ဂါဘိုက် နက်ဝပ်သို့ အဆင့်မြှင့်

  1. sithuphyo May 29, 2010 at 6:02 am Reply

    ဒီသတင်းကိုကြားရတော့တော်တော်စိတ်ချမ်းသာလိုက်တာ။ ဆက်သွယ်ရေးတွေမြန်လာတော့မယ်ပေါ့။ မြန်မြန်ဖြစ်ပါစေလို့ဆုတောင်းတယ်ဗျာ။နောက်လည်းဒီထက်ပိုပြီးတော့လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

  2. intro May 29, 2010 at 8:39 am Reply

    အရမ်းကို သုံးကြည့်ချင်နေပြီ… မြန်မြန်ဖြစ်လာပါစေလို့ နေ့တိုင်း ဆုတောင်းပေးနေပါတယ်ဗျာ…

    • moethiha May 29, 2010 at 9:29 am Reply

      သုံးလို့ရနေပြီလေ အခုဆိုရင် ADSL နဲ့ WI MAX တွေလျှော့ဈေးနဲ့ရောင်းတာတောင်ရောင်းလို့မရတော့ဘူး

  3. moethiha May 29, 2010 at 9:21 am Reply

    သုံးလို့ရနေပြီဗျ ADSL တွေ WI MAX တွေတောင်မှ ဈေးလျှော့ရောင်းတာဝယ်မယ့်လူမရှိဖြစ်နေတာ

  4. moethiha May 29, 2010 at 9:27 am Reply

    သုံးလို့ရနေပြီဗျ ADSL နဲ့ WI MAX တွေလျှော့ဈေးနဲ့ရောင်းတာတောင်ဝယ်မဲ့လူမရှိဖြစ်နေတာတဲ

  5. khinmintatthu May 29, 2010 at 1:05 pm Reply

    အဲဒီလိုဖြစ်လာတော့ အင်တာနက်အသုံးပြုရတာ ပိုအဆင်ပြေတာပေါ့….. တစ်နေ့တစ်နေ့ဖြစ်ပျက်နေတာ တွေကလည်း ကော်နက်ရှင်ကြောင့်ပဲဖြစ်ဖြစ်နေတာဆိုတော့….အလုပ်တွေမှာ နှောင့်နှေးမှုတွေဖြစ်ဖြစ်နေတာပေါ့…. တကယ်သာဖြစ်လာခဲ့မယ်ဆိုရင်တော့ အတိုင်းအဆမသိ ၀မ်းသာစရာပေါ့…. ဖြစ်ပါစေလို့လည်း ဆုတောင်းနေမိတယ်။

  6. yannaingech May 29, 2010 at 3:29 pm Reply

    သိပ်တော့လည်းမဟန်သေးပါဘူးဗျာ။ကျွန်တော်တို့မြို့နယ်ကျတော့ out of service area တဲ့…ဟွန့်…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: