အားမာန်

တိုက်ကြီးပေါ်မှာ မီချောင်းပြာနဲ့

စာကျက်နေတဲ့ မိန်းကလေး …။

တဲစုတ်ပျက်မှာ ရေနံဝါနဲ့

စာကျက်နေတဲ့ ကျနော့်သား ..။

သူတို့တွေမှာ

ဆရာဝန် အင်ဂျင်နီယာ ဘွဲ့စုံစွာနဲ့

ပညာကို ယူအောင်လံထူလိမ့် ….။

ကျနော့် သားကို

တက္ကသိုလ်မပို့

ပို့ရန်လည်း ငွေမရှိ

ရှိတာကိုစား

ရော့ …ဆိုက်ကားယူ

လူတွေကိုပေါင်း

ဘ၀ကျောင်းဆက်တက်

စိတ်မပျက်နဲ့

ဒါတသက်စားဘို့

တို့ရဲကအမွေပဲ

2 thoughts on “အားမာန်

  1. yannaingech May 30, 2010 at 3:00 pm Reply

    ကျွန်တော့်အမေ ခေါင်းရွက်ဗျတ်ထိုးဈေးသည် ကတော့ ကျွန်တော့်ကို အင်ဂျင်နီယာဘွဲ့ ရအောင်ကျောင်းထားပေးရှာတယ်…

  2. breezes May 30, 2010 at 3:19 pm Reply

    yannaingech ရေ ..
    (ချီးကျူးဖို့ကောင်းတဲ့ မိဘရဲ့ မေတ္တာတခုပါပဲဗျာ။)
    ကျနော့် အမေလဲ ကျနော်ငယ်ငယ်တုန်းက ကားလမ်းဘေးမှာ ဈေးရောင်းရတယ်ဗျ။
    ကျနော် နည်းနည်းကြီးလာတော့ မုန့်ဟင်းခါးဆိုင် ဖွင့်တယ်။
    ကျနော်အခုအချိန် ကွန်ပျူတာဆိုတဲ့ ဘွဲ့တခုရဖို့ကို ကျနော့်အမေ ဘယ်လိုရုန်းကန်ခဲ့ရတယ် ထင်လဲ …?
    ၁ နှစ်မပြည့်ခင်တည်းက အဖေမရှိတော့တဲ့ ကျနော့်ကို ဒီနေ့ နိုင်ငံခြားတိုင်းပြည်တခုမှာ ကောင်းမွန်တင့်တယ်စွာ လုပ်ကိုင်စားသောက်ဖို့
    ပညာတခုကိုပါ အမေ တယောက်တည်း သင်ပေးခဲ့တာပါ …။
    သိပ်ပြီး ချစ်ဖို့ကောင်းတဲ့ ကျနော့်အမေပါ။ …။

    ဒီကဗျာလေးကို ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ …
    လက်ရှိ ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ မိသားစုပြဿနာလေးကို ရှာဖွေဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

    ကဲ … ဆက်ဆွေးနွေးကြပါဦးဗျာ …

    PSး ကျနော်အပေါ်မှာ ချီးကျူးလို့ ရေးတာဗျ… ဘယ့်နှယ့်ကြောင့် မစင်ကျူးဖြစ်သွား၇လဲ မသိတော့ပါဘူးဗျာ …:(

    လေပြေလေး
    http://www.breeze.mmgenius.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: