မနုဿတ ဒုံလဘ.. မန္တလေးပြည်သူ့ဆေးရုံကြီးမှ အဖြစ်အပျက် တိုင်ကြားစာ..

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ(SSCမှာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မျိုး ယခု မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ထပ်ပြီး ဖြစ်သွားပြန်ပြီဆိုတဲ့ သတင်းဆိုးတခုကို ထိတ်လန့်စွာကြားသိခဲ့ရပါတယ်။ အခြေအနေ ကောင်းနေပြီဖြစ်တဲ့ လူနာတယောက်ကို ရုပ်အားဖြင့်ရော၊ စိတ်အားဖြင့်ပါ နာကျင်ထိခိုက်အောင် ဆူပူဟိန်းဟောက်ရုံမကပဲ မှားယွင်းစွာကုသခြင်း ၊အကြင်နာမဲ့စွာ လျစ်လျူရူမူတွေနှင့် မောက်မာရိုင်းစိုင်းစွာ ပြောဆိုခြင်းစတဲ့ ဆရာဝန်မပီသတဲ့ လုပ်ရပ်တွေကြောင့် နောက်ဆုံးမှာ မသေသင့်ပဲ သေဆုံးသွားရသည် အထိဖြစ်ခဲ့ရတဲ့အတွက် ကျန်ရစ်တဲ့မိသားစုမှာ အလွန်ပင် ထိခိုက်နာကျင်စွာ ခံစားနေကြရပြီး သက်ဆိုင်ရာများသို့ တိုင်ကြား ထားကြောင်းသိရှိရပါတယ်။

မေးလ်ထဲကအတိုင်း ဖော်ပြလိုက်ပါတယ်။…..။

http://www.demowaiyan.co.cc/2010/05/blog-post_1428.html

7 thoughts on “မနုဿတ ဒုံလဘ.. မန္တလေးပြည်သူ့ဆေးရုံကြီးမှ အဖြစ်အပျက် တိုင်ကြားစာ..

  1. intro May 31, 2010 at 11:04 am Reply

    ဟင်း… ကြားရတာ စိတ်မသက်မသာရှိလိုက်တာဗျာ…

  2. kopauk mandalay May 31, 2010 at 12:04 pm Reply

    သည်လိုတွန်.ကြေရွဲ.စောင်းနေတဲ.စာကိုရအောင်ယူလာနိုင်တာကိုက မစင်ကျူးစရာပါ။
    အမှန်အတိုင်းသာဆိုလို.ကတော. ဆော်သာဆော်ဗျာ။
    လိပ်စာတပ်ထားတဲ.နေပြည်တော်က ဆရာဝန်တွေတော်ပြီး မန်းလေးကဆရာဝန်တွေညံ့တာမှန်လို.ကတော.
    ကျနော်မျိုးကြီးသေသင်.ပါတယ်လို.သာမှတ်လိုက်ပေတော…

  3. yannaingech May 31, 2010 at 12:55 pm Reply

    အထူးကုဆရာဝန်ကြီးများမှာ ပဒေသရာဇ်စိတ်ကြီးစိုးသူအများစုဖြစ်ပါသည်။ မိမိနေရာတွင် မိမိသာ ဘုရင်ဟုခံယူထားကြသူများဖြစ်ကြပါသည်။ ၄င်းတို့၏အတ္တအတွက် ပေးဆပ်ခဲ့ရသည့် အသက်များမှာမနည်းတော့ပါ။

  4. poeaung6 May 31, 2010 at 2:28 pm Reply

    အပေါ်က အစ်ကိုတွေပြောတာဟုတ်တယ်ဗျ အရင်ရန်ကုန်မှာဖြစ်ခဲ့တဲ့ ကိစ္စကို ဂျာနယ်တွေကပြောတာ တစ်ချို့ဆရာဝန်တွေက မကျေနပ်ချင်ဘူးဗျ အခုတော့ ဆရာဝန်ကြီးများရဲ့ မာန်မာနတွေကနောက်လူသားတစ်ဦးကို သေစေခဲ့ပြန်ပြီဗျာ ဒါတွေကို သေချာစဉ်းစားသင့်တာလည်းကြာပါပြီဗျ အခုတော့ မဖြစ်မနေလုပ်သင့်ပါပြီ လူနာရှင်မိသားစုအတွက်လည်း ထပ်တူထပ်မျှဝန်းနည်းရပါတယ် ကျွန်တော်တို့ မန္တလေးဆေးရုံ (ရန်ကုန်ဆေးရုံ)သာမက တစ်နိုင်ငံလုံးဆေးရုံတွေပါ ဒါကိုစဉ်းစားသင့်ပါကြောင်း ပြောချင်ပါတယ်…….။ လူသားအားလုံးကျန်းမာ၊ချမ်းသာကြပါစေ………။

  5. thihayarzar June 2, 2010 at 3:05 pm Reply

    လူတစ်ယောက်ဟာ အသက်တစ်ရက်ရှင်မယ်ဆိုရင်ကိုပဲ တစ်ရက်တရားဘာဝနာပွားများနိုင်မယ် ….. ဒီလိုတော့မလုပ်သင့်ပါဘူး … ဘယ်ဘ၀ကရန်ငြိုးတွေရှိနေလို့လဲ ….. လူနာကိုဒီလိုဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး အသက်ကိုကယ်တဲ့လက်က လူကိုသတ်တဲ့လက်ဖြစ်နေပြီ

  6. etone June 3, 2010 at 4:20 am Reply

    အရင်ကတော့ nurseတွေပဲအပေါက်ဆိုးတာပါ အခုဆရာဝန်တွေကပါ ဓါတ်ကူးသွားတာလားမသိဘူးနော် ။ အခုဆိုရင် ဆေးရုံ သန့်ရှင်းရေးတို့ အပေါက်စောင့်တိုကပါ ကြုံ ရင် ကြုံ သလို ဟောက်ချင်ကြတယ် ။ လူနာက ဆေးလာကုတာ အဟောက်ခံချင်လို့ ဆေးရုံကိုအပျော်လာတယ်များမှတ်နေလားမသိဘူး ။ ဆေးကုသမှုအပိုင်းကိုတော့မဝေဖန်ချင်ပါဘူး ။ လည်လွန်းတဲ့ဘီးချီးသင့်တာနေမှာပေါ့ ။ ဟိုလူကတော့ မြေစာပင်ဖြစ်သွားရရှာတယ် ။ စိတ်မကောင်းပါဘူး ။

  7. shwe tallatr March 11, 2012 at 2:15 pm Reply

    ဒီသတင်းဖတ်ရတာစိတ်မကောင်းပါဘူး ဒီအဖြစ်ကတိုင်းမြို့တော်မှာဖြစ်တာနော်
    နယ်မြို့လေးတွေမှာလဲ ဒီလိုအဖြစ်မျိုးတွေဘယ်လောက်များနေပြီလဲမသိ့ဘူးနော် အော်ဆရာဝန်ကြီးတွေကျမ်းမာပါစေ ချမ်းသာကြပါစေ မေတ္တာပို့ထားမှ ကိုယ့်အလှည့်ကြရင် ဒီ့ထက်မဆိုးအောင်လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: