ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ………

-

-

မေလ ၂၀ ရက်နေ့ နံနက် ၁၁း၂၀ ၀န်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

”ကျွန်တော်က စဖြစ်တဲ့အချိန် တုန်းက ဖြစ်တဲ့နေရာရဲ့ ၀န်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂၀ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်”ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။

ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ”ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။ ပတ်ဝန်းကျင် က လူတွေ ၀ိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်”ဟု ပြော ကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ”ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မ၀င်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်”ဟုပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။

-

-


-

-

from foreverfriends post by black poney

8 thoughts on “ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ………

  1. khinmintatthu May 31, 2010 at 7:44 pm Reply

    ကံဆိုးမှုတွေဆက်တိုက်ကြုံတွေ့နေရချိန်မှာ မုန်တိုင်းနောက်မှာ လေပြေလေညှင်းတွေမဖြစ်ဘဲ မုန်တိုင်းနောက်မှ မုန်တိုင်းတွေထပ်ဖြစ်နေတာပဲကိုး…..ဖြစ်မှဖြစ်ရလေ…

  2. သတင်းလူသား May 31, 2010 at 8:01 pm Reply

    ပန်းအိဖြူလည်း ဆေးရုံမှာ ထပ်မံဆုံးပါးသွားတယ်လို့သိရပါတယ်။ ရင်နင့်စရာဖြစ်ရပါပါ…စုစုပေါင်း လေးဦးသေဆုံးခဲ့ပါတယ်။ ခုလောလောဆယ်မှာတော့ ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်ရာတို့မှ လျော်ကြေးငွေရရှိမှုအတွက် အငြင်းပွားမှု၊ အဆင်မပြေမှုများနှင့်လည်း ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ လျော်ကြေးငွေအတွက် ညှိ့နှိုင်းမှုများပြုလုပ်ပေးဖို့ကိုလည်း သေဆုံးသူမိသားစုများကို အလိုရှိနေကြတယ်လို့သိရပါတယ်။

  3. kopauk mandalay July 16, 2010 at 5:14 pm Reply

    အဲဒါကားသမားတွေမဆင်ခြင်တာ ပြိုင်မောင်းတာ အဓိကပါ။
    လူသေရင် နားလည်မူ့နဲ့ကျေအေးလို့မရရင် အကောင်းဆုံးပါ။

  4. paukpauk December 14, 2010 at 12:31 pm Reply

    စိတ်မကောင်းစရာတွေပါ။
    တစ်နှစ်ကို တစ်ခါ နှစ်ခါ အနည်းလေး
    အဲဒီနေရာမှာ အမြဲဖြစ်တယ်ကြားပါတယ်…။
    ကားသမား အပြစ်ကတော့ အသေအချာပေါ့။
    ဘယ်လို သတိပေးလဲ ဖြစ်မြဲပါပဲ။

    ပြန်လည်သုံးသပ်သင့်တာလေးတွေ .. ကြားရလေ့လာရသမျှပေါ့.. တတ်ကျွမ်းပညာရှင်တွေ သုံးသပ်ကြတာတော့..
    Design Fault တဲ့

    လမ်းမကြီးနှစ်ခု 90 degree သွားဆက်တယ်၊ ကွေ့ ဘို့ကိုလဲ အနားကျမှ ကွေ့နိုင်အောင် လုပ်ထားတယ်၊ Curvature Diameter အရမ်းသေးလွန်းတယ်။
    လူထိခိုက်မှုချည်းပဲ အကြိမ်ပေါင်း ဆယ်ချီနေလောက်ပြီထင်တယ်။ ဖြစ်ခဲ့တာတွေ…။
    သေခဲ့တဲ့ လူတွေလဲ မနည်းဘူး
    တရုတ်ပြည်လိုပဲ လူကို တန်ဘိုးမထားတော့မဲ့အထဲ မြန်မာပြည်ပါ လိုက်နေပြီ။
    ဘာမှ Correction မလုပ်ဘဲ ပစ်ထားတာ ကြာလှပေါ့။
    ဘယ်သူမှလဲ နောက်တစ်ခါ မဖြစ်ရေး မစဉ်းစားပေးကြဘူးထင်ပါ့။

    သတိသာ ထားမောင်းကြပေတော့
    သစ်လုံးကား ကွန်တိန်နာကားဆို ဝေးဝေးရှောင်။
    ရှေ့က မသွားနဲ့
    ဘေးကလဲ မလိုက်နဲ့
    နောက်ကလဲ ကပ်မလိုက်နဲ့။
    ဒါပဲ သတိပေးနိုင်တော့တယ်။
    ဘေးကင်းကြပါစေ။

  5. winkyawaung December 14, 2010 at 3:18 pm Reply

    စိတ်ဝင်စားစရာ သတင်းဖြစ်လို့ အခြားဆိုဒ်မှာ ဖော်ပြပါရစေ။

  6. etone December 15, 2010 at 3:48 am Reply

    သစ်လုံးကားတွေ စည်းကမ်းမရှိတာ တော်တော်လွန်တယ် ။ ပြိုင်ကားမောင်းသလားမှတ်ရတယ် …။ အရက်သောက်တယ် မောင်းတယ် ဒီတော့ဒီလိုတွေဖြစ်တယ် ..။ အရက်သောက်ပြီးမောင်းတာ နှစ်ဘယ်လောက်ကြာပြီဘာညာ ဆိုပေမဲ့လည်း မဖြစ်သေးတော့ဟုတ်တာပေါ့ ..။ တစ်ကယ်ဖြစ်လာခဲ့ပြီဆိုရင် အသေဆိုးနဲ့ သေရတာ ။ သက်ဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကလည်း တိတိကျကျ အရေးမယူဘူး … ညဘက်စောင့်ဖမ်းပြီး ဒဏ်ငွေကြီးကြီတပ်ရင် မိပါလိမ့်မယ် အများကြီးပဲ ။

  7. နွယ်ပင် December 15, 2010 at 4:17 am Reply

    သစ်လုံးကားတွေကတော့ တကယ်ကြောက်စရာပါ . တစ်ခါတစ်လေများ အလုပ်ကိစ္စနဲ့ အပြင်သွားရင် သစ်လုံးကားနဲ့ရောက်ရင် ကြောက်လွန်းလို့ ဘုရားစာဆိုနေရတယ် . သွားရတိုင်းလဲ ဗန္ဓုလတံတားအဆင်းနား ကိုဆိုတော့ ထွက်လိုက်တာနဲ့ သစ်လုံးကားနဲ့ တန်းတိုးတာပဲ အလုပ်နားမှာလဲ ခဏခဏ ယာဉ်တိုက်မူက ဖြစ်သလားမမေးနဲ့ ။

  8. pan pan December 15, 2010 at 4:58 am Reply

    ရွှေပြည်သာမှာ ကျောင်းတက်တုန်းကဆိုရင် တညင်းကုန်းလမ်းဆုံကနေ ရွှေပြည်သာက သာဓုကန်သွားတဲ့လမ်းမှာ သစ်လုံးကားတွေပေါမှပေါပဲ။ လမ်းကခပ်ဆိုးဆိုး ခပ်ကျဉ်းကျဉ်းနဲ့ဆိုတော့ ကျောင်းဖယ်ရီကားက မျက်နှာချင်းဆိုင်က ကားကြီးကြီးလာရင် လမ်းဘေးဆင်းရပ်ပေးရတယ်။ သစ်လုံးကားများဘေးကဖြတ်သွားရင် ကြက်သီးထလိုက်ရတာ။ ကိုယ်တွေရဲ့ဖယ်ရီလည်း တခြမ်းစောင်း၊ သူတို့သစ်လုံးကားကလည်းတခြမ်းစောင်း။ ပြုတ်ကျပြီးပိလို့ကတော့ ကျောင်းသားတွေတပြုံကြီး မာလကီးယားကုန်မှာ။ Final destination ဇာတ်ကားလည်းကြည့်ထားတော့၊ ဟီးဟီး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: