Monthly Archives: March 2010

It’s Easy(2010 Census) – Burmese

The 2010 Census is easy, important and safe. This Burmese-language video shows you how to fill out and mail back your census form. When you take 10 minutes to answer 10 questions, you help your community get what it needs for the next 10 years.

အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်း ပုံစံဖြည့်စွက်နည်း ကို မြန်မာလို ဗီဒီယိုဖြင့်ရှင်းပြထားသည်။
ယခုအချိန်ထိ ဖေါင်မရသေးသူများ နီးစပ်ရာ မြို့ နယ်စာကြည့်တိုက်တွင်တောင်းယူနိုင်သည်။

ဧပြီလကုန်အထိ မဖြည့်ရသေးပါက ဖုံးဆက်မေးမြန်းခံရနိုင်ပါသည်။ ဥပဒေအရ ဖြစ်သဖြင့် ဖြည့်ဖြစ်အောင်ဖြည့်ကြပါရန်။
ယခုစာများကို ဖတ်နိုင်သူတိုင်း BURMESE ဟုဖြည့်ပါ။ မြန်မာဇာတိနွယ်တိုင်း BURMESE ဖြည့်ပါ။
မြန်မာဇာတိနွယ်ဟူသော ခေါင်းစဉ်အောက်တွင်
မြန်မာတိုင်းရင်းသားများဖြစ်ေ
သာ ကချင်၊ကယား၊ကရင်၊ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ရှမ်း၊ အစရှိသော တိုင်းရင်းသားမျိုးနွယ်အားလုံးအားလည်းကောင်း

မြန်မာပြည်ဖွား အမိ(သို့ )အဖ တဦးဦးမှတဆင့် အမေရိကန်ပြည်ထောင်စုတွင်မွေးဖွားသော အမေရိကန်လူမျိုး (ပထမမြန်မာမျိုးဆက်)အားလည်းကောင်း။
မြန်မာပြည်ဖွား အမိ(သို့ )အဖ တဦးဦးမှတဆင့် အမေရိကန်ပြည်ထောင်စု ပြင်ပ(အခြားတနိုင်ငံ)တွင်မွေးဖွားသော မြန်မာနွယ်ဖွားအားလည်းကောင်း။
မြန်မာပြည်ပေါက် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလီ စသော နွယ်ဖွားများအားလုံးအားလည်းကောင်း
မြန်မာRefugee(ပြောင်းခိုသူ)အဖြစ် စာရင်းပေါက်သူ မည်သည့်ဇာတိနွယ်မဆိုအားလည်းကောင်း သတ်မှတ်မည်ဖြစ်ပါသည်။

အထူးမှတ်ချက်။  ။ မြန်မာပြည်ပေါက် တရုတ်နွယ်ဖွားများအနေနှင့် CHINESE ဟုမဖြည့်မိစေရန် အထူးအကြံပေးလိုပါသည်။ သင်တို့သည် တရုတ်နွယ်ဖွား မြန်မာများသာဖြစ်ကြသည်။
သင်တို့သည် မြန်မာ့လေကိုရှု၊ ရေကိုသောက် မြန်မာ့မြေကြီးတွင် မွေးဖွားခဲ့သည်။ သင်တို့တွင် မြန်မာ့ဇာတိသွေးသာရှိသည်။
BURMESE ဟုသာဖြည့်ရမည်ဖြစ်ပါသည်။

ပုရိသတွေ စိတ်ဝင်စားတဲ့ Miss Ngwe Saung 2010…

မတ်လ (၂၆) ရက်နေ့က ငွေဆောင် ကမ်းခြေမှာ ကျင်းပခဲ့တဲ့ Miss Ngwe Saung 2010 အလှမယ်ပြိုင်ပွဲမှု ဖြစ်ပါတယ်။ ဒီ Miss Ngwe Saung Beauty Contest မှာ Miss Ngwe Saung 2010 ဆု (၁၀ သိန်းကျပ်) ကို ယုသန္တာတင်၊ 1st Runner Up ဆု (၅ သိန်း ကျပ်) ကို ချူးသက်နွယ် နှင့်  2nd Runner Up ဆု (၃ သိန်း ကျပ်) ကို အမရာကျော် တို့က အသီးသီး ဆွတ်ခူးခဲ့ ကြပါတယ်။ ဒီ Miss Ngwe Saung Beauty Contest ကို ငွေဆောင် ကမ်းခြေ ဖွင့်လှစ်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက ကြီးမှူး ကျင်းပခဲ့တာပါ။

Download Link: http://www.youtube.com/watch?v=0VwHL19YScI

အမျိုးသားများအတွက် အသားအရေ ထိန်းသိမ်းနည်းများ

အမျိုးသားတွေအနေနဲ့ကြည့်ကောင်းနေဖို့ဆိုရင် အဖုအပိမ့်ကင်းစင်သော သန့်စင်တဲ့အသားအရေပိုင်”ဆိုင်ဖို့လည်းလိုအပ်နေပါတယ်။ ဒါကြောင့် အမျိုးသားတိုင်းပြုလုပ်သင့်တဲ့အခြေခံအသားအရေထိန်းသိမ်း”နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

အသားအရေထိန်းပစ္စည်းရွေးဝယ်ရာမှာ

– ခန္ဓာကိုယ်သုံးဆပ်ပြာနဲ့ မျက်နှာသစ်ဆပ်ပြာဝယ်တဲ့အခါ အစိုဓါတ်ထိန်းအလှဆီ (Moisturizer) ပါတာ
ရွေးဝယ်ပါ။

– မျက်နှာသစ်ပြီး လိမ်းမယ့် (Moisturizer) မှာအနည်းဆုံး SPF ၁၅ ဆပါဝင်ဖို့လိုပါတယ်။ ဆောင်းရာသီ
မှာ သင့်အသားအရေက အလွန်အမင်းခြောက်သွေ့နေရင် ခန္ဓာကိုယ်ကိုဂလစ်ဆရင်းအလှဆီလိမ်းပါ

အသားအရေခြောက်သွေ့ခြင်းကင်းဝေးအောင်

– ရေပူနဲ့မချိုးဘဲ ကြက်သီးနွေးရေနဲ့သာချိုးပါ

– ရေချိုးချိန်ဟာ ၁၀မိနစ်ထက် ပိုမကြာပါစေနဲ့

– ရေချိုးပြီးခန္ဓာကိုယ် လန်းဆန်းစိုပြည်နေတုန်းလိုးရှင်းလိမ်းပါ

အမွှေးအမှင်ရိတ်သင်ရာမှာ

– ရေချိုးပြီးချိန်မှာ အမွေအမှင်ရိတ်ပါ။ဒါမှမဟုတ်အမွေးအမှင်မရိတ်ခင်မိနစ်အနည်းငယ်ပူနွေးစိုစွတ်
တဲ့တဘက်နဲ့မျက်နှာကို သုတ်ပါ။

– အမွေးပေါက်ရာလမ်းအတိုင်းရိတ်တာဟာ ပိုပြီလွယ်ကူပါတယ်။

– အမွေးရိတ်ပြီး ရေများများနဲ့ဆေးချကာတဘက်နဲ့ညင်ညင်သာသာတို့ထိပါ။ကြမ်းကြမ်းတမ်းတမ်း
ပွတ်တိုက်မပစ်ပါနဲ့။

– အမွေးရိတ်ပြီးအရေပြားကျန်းမာအောင် ခရင်မ်လိမ်းပေးပါ။

သင့်အသားအရေဟာ ဝက်ခြံ ပေါက်လွယ်တဲ့ အသားအရေဆိုရင် နေ့စဉ် Benzoyl Peroxide ပါတဲ့
မျက်နှာသစ်ဆေးနဲ့ဆေးကြောပေးနိုင်ပါတယ်။

Ref: forward mail

Grand Royal က လုပ်တဲ့ အရောင်းမြင့်တင်ပွဲ…

Feb 28 2010 ရက်နေ့က မြကျွန်းသာမှာ လုပ်သွားတဲ့ ပွဲလေးပါ..

Grand Royal ကလုပ်တာပါ..

Grand Royal 15 Years Anniversary Promotion Event လို့ အမည်ပေးထားပါတယ်..

အားပေးကြပါဦး..

ဂျလန်းကြီးတွေဗျ..(ဂျွတ်လည်းဂျွတ်..လန်းလဲ လန်းလို့ ဂျလန်းကြီးလို့ခေါ်တာပါ..ဟဲ)

Download Link: http://www.youtube.com/watch?v=KlohuVOirT0&feature=related

Fiber To The Home အင်တာနက်စနစ် ကျပ်ကိုးသိန်းဖြင့် စတင်ရောင်းချ

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ မတ်လ၂၇ရက်တွင် စတင်ဝန်ဆောင်မှုပေးနေသည့် Fiber To The Home အင်တာနက်ချိတ်ဆက်မှုလိုင်းအား ကနဦးတပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့် စတင်ရောင်း ချနေပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖိုင်ဘာဆက်ကြောင်းပေါ်မှ အင်တာနက် ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် စနစ်ဖြစ်သော Fiber To The Home စနစ်ကို ကနဦး တပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့်ဝယ်ယူပြီးပါက လစဉ်ကြေးအနေဖြင့် 512KBကိုကျပ်သုံးသောင်း၊ 1 MBကိုကျပ်ငါးသောင်း၊ 2MBကို ကျပ်တစ်သိန်း ပေးဆောင်ရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပတယ်လီ ဖုန်းဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် VoIP ဖုန်းစနစ်တွင် ပြည်တွင်းခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၂၅ကျပ်နှုန်း၊ ပြည်ပခေါ်ဆိုခမှာမူ ရိုးရိုးတယ်လီဖုန်းကြိုးလိုင်းများနှင့် တူညီကြောင်းသိရသည်။ ယင်းစနစ်ဖြင့် VoIP ဖုန်းခေါ်ဆိုရာတွင် ကုဒ်နံပါတ်မှာ (၀၁၁xxx)ဖြင့်စရမည်ဟု သိရသည်။ ဖိုက်ဘာဆက်ကြောင်း ၀န်ဆောင်မှုစနစ်သည် ADSL, Broadband စနစ်၊ WiMax စနစ်တို့ထက် များစွာအကုန်အကျသက်သာပြီး VoIP တယ်လီဖုန်းလိုင်း၊ တီဗီလိုင်းနှင့်၊ အင်တာနက်စနစ်သုံးမျိုးကို အသုံးပြုနိုင်မည်ဖြစ်ကာ အင်တာနက်မြန်နှုန်းမှာလည်း အခြားသော အင်တာနက်ချိတ်ဆက်မှု စနစ်များထက် ပိုမိုမြန်ဆန်သည်။ ယခုအခါတွင် အဆိုပါစနစ်ကို ပြင်ဦးလွင်တွင် လိုင်းအရေအတွက်၅၀၀ ချပေးမည်ဖြစ်ပြီး မတ်လ၃၁ရက်တွင် မန္တလေးမြို့၌ လိုင်းအရေအတွက် ၅၀၀၀အထိ ချပေးသွားမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်းတွင်မူ လတ်တလောအချိန်အတွင်း ချထားပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Source :7days News Journal

Metal Band မိတ်ဆက် (Architect Of Misery)

Metal အပြင်းစားလေးတွေ ကြိုက်တဲ့သူတွေ အတွက်ပါ…

Dance Of Death လို့ အမည်ရတဲ့ သီချင်းလေးပါ…

Biography:

In a time where the minority of music fans are sick and tired of trendy music and fifteen minutes of fame stuffs, the trend defying Architect Of Misery was born.

The name Architect Of Misery which is derived from the inspiration of creationism and impermanence was chosen as his project name by the artist called James Ivan. Although he has played for quite alot of bands which Burmese people know as Coffin, Monopoly, Unrivalled etc. , his love towards unique and trend defying music has led him to take his own solo music carrer. Being on a solo mission of defiance towards mainstream music and materialistic music, he decided only to depend upon himself to compose, produce, arrange and play all the instruments.

His goal is to create a music which is futuristic, experimental, conceptual and serious. Not wanting to limit his inspiration and creativity, he will not put his music under any of the genre labels. His project may sometimes be paused due to his education plans.

However, he still will self produce his music as much as he can when he have time and share the music fans his music without expecting any finiancial profits or fifteen minutes of fame.

Download Link: http://www.mediafire.com/?mjmwd2kmyt5

Resources: Myanmar X Bands

အိုင်တီ ကျွမ်းကျင်သူ အလိုရှိသည်

အလုပ် လျှောက်ထား သူသည်  ကွန်ပြူတာ၊ အိုင်တီ ပညာရပ်တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များဖြင့် ဘွဲ့ရထားပြီး လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိသူ ဖြစ်ရမည်။

အလုပ်ချိန် အပြောင်း အလဲအတွက် ညှိနှိုင်းနိုင်ပြီး စိတ်ဖိစီးမှုရှိသော အခြေအနေတွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

မြန်မာစာ၊ စကား ကျွမ်းကျင်ပြီး အင်္ဂလိပ် ဘာသာရပ် အတော်အသင့် နားလည်သူ ဖြစ်ရမည်။

PHP, MySQL, HTML, CSS, Joomla, Java Script, Flash, Photoshop တို့ကို ကောင်းစွာ အသုံးပြုတတ်ရမည်။ ဂရပ်ဖစ်ဒီဇိုင်း၊ ၀က်ဆိုက် ဒီဇိုင်း၊ ဓာတ်ပုံများ အကြောင်းကို သိနားလည်ရမည်။

အစုအဖွဲ့နှင့် ဖန်တီးနိုင်သူ၊ လုပ်ငန်း စီမံနိုင်ရမည်။

လုပ်ဖော်ကိုင်ဘက်များနှင့် ဆက်ဆံရေးကောင်းရမည်။

ရုံးတွင်း ကွန်ပျူတာ ကွန်ရက် နှင့် အင်တာနက် လုံခြုံရေးကို ဆောင်ရွက်ခြင်း၊ ရုံးတွင်း ကွန်ပျူတာကွန်ရက် စီမံခန့်ခွဲခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အင်တာနက် အခြေအနေကို စောင့်ကြည့်ခြင်းတို့တွင် ကျွမ်းကျင်ရမည်။

စိတ်ဝင်စားသူများသည် မန်နေဂျာ ဦးဝင်းသူ // <![CDATA[// <![CDATA[
var prefix = ‘mailto:’;
var suffix = ”;
var attribs = ”;
var path = ‘hr’ + ‘ef’ + ‘=’;
var addy95979 = ‘winthu’ + ‘@’;
addy95979 = addy95979 + ‘irrawaddy’ + ‘.’ + ‘org’;
document.write( ‘‘ );
document.write( addy95979 );
document.write( ” );
// ]]>
winthu@irrawaddy.org // <![CDATA[// This e-mail address is being protected from spambots. You need JavaScript enabled to view it // <![CDATA[// <![CDATA[
document.write( ” );
// ]]> ထံသို့ လျှောက်လွှာ ပေးပို့နိုင်သည်။

လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက်များ နှင့် မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပူးတွဲပေးပို့ရမည်။

၃ လ ကြာမြင့်မည့် အလုပ်သင်/အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်ကို သတင်းထောက်၊ ဘလော်ဂါ၊ ဓာတ်ပုံဆရာ၊ အိုင်တီ ကျွမ်းကျင်သူ စသည့် မီဒီယာတွင် စိတ်ဝင်စားသူ မည်သူမဆို လျှောက်ထား နိုင်သည်။

ဤအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် လွတ်လပ်သည့် မီဒီယာ (free media)၊ လွတ်လပ်သည့် စာနယ်ဇင်းလုပ်ငန်း (skills in independent journalism)၊ ခေတ်မီ နည်းပညာ ဗဟုသုတ (know-how knowledge of modern technology) တို့ကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်အရေးနှင့် ပတ်သက်သည့် အတွေးအမြင်များ ပိုမိုကျယ်ပြန့်စေရန် အထောက်အကူပြုမည့် ကွင်းဆင်းလေ့လာရေး ခရီးစဉ် (field trip) လည်း ပါဝင်မည် ဖြစ်သည်။

အစီအစဉ်တွင် ပါဝင်လုပ်ကိုင်လိုသူသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် မသက်ဆိုင်သူ ဖြစ်ရမည်။

စိတ်ဝင်စားသူများသည် မန်နေဂျာ ဦးဝင်းသူ // <![CDATA[// <![CDATA[
var prefix = 'mailto:';
var suffix = '';
var attribs = '';
var path = 'hr' + 'ef' + '=';
var addy72645 = 'winthu' + '@';
addy72645 = addy72645 + 'irrawaddy' + '.' + 'org';
document.write( '‘ );
document.write( addy72645 );
document.write( ” );
// ]]>
winthu@irrawaddy.org // <![CDATA[// This e-mail address is being protected from spambots. You need JavaScript enabled to view it // <![CDATA[// <![CDATA[
document.write( '’ );
// ]]> ထံသို့ လျှောက်လွှာ ပေးပို့နိုင်သည်။

လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက်များ နှင့် မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပူးတွဲပေးပို့ရမည်။

Source : Irrawaddy

North &East Point တွင် ကလေးသင်္ကြန် အက ပြိုင်ပွဲ ကျင်းပမည်

North Point Shopping Centre နှင့် East Point Shopping Centre တို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကလေးများ သီးသန့် သင်္ကြန် အက ပြိုင်ပွဲ ကျင်းပရန် စီစဉ် လျက်ရှိသည်။ အစီအစဉ် အရ အသက် လေးနှစ်မှ ခြောက် နှစ် အတွင်းရှိ ယောက်ျားလေး၊ မိန်းကလေးများ သည် တစ်ဦး မှငါးဦး အထိ အုပ်စုဖွဲ့၍ ကြိုက်နှစ်သက်ရာ ရိုးရာ သင်္ကြန် တေးတစ်ပုဒ် စီဖြင့် ဧပြီ ၅ ရက်နှင့် ၆ ရက် တို့တွင် East Point Shopping Centre ၌လည်းကောင်း၊ အသက်ခုနစ် နှစ်မှ ၁၂ နှစ်အတွင်းရှိ ယောက်ျား ကလေးနှင့် မိန်းကလေး များ သည် တစ်ဦးမှ သုံးဦးအ ထိ အဖွဲ့ဖွဲ့၍ ဧပြီ ၇ ရက်နှင့် ၈ ရက်တို့တွင် North Point Shopping Centre ၌လည်း ကောင်း ကြိုက်နှစ်သက်ရာ ရိုးရာသင်္ကြန် သီချင်း တစ်ပုဒ်ဖြင့် ယှဉ်ပြိုင် ကပြ ကြရမည်ဖြစ်သည်။

ref;မြန်မာပို့စ်

ကြက်ကြော် နှင့် ဟမ်ဘာဂါ အစား ပြိုင်ကြမည်

အတာအကြို ပျော်ပွဲရွှင်ပွဲ အဖြစ် ကြက်ကြော် အစား ပြိုင်ပွဲနှင့် ဟမ်ဘာဂါ အစားပြိုင်ပွဲ များကို ဧပြီ ၃ ရက်တွင် North Point Shopping Centre ၌ လည်းကောင်း၊ ဧပြီ ၄ ရက်တွင် East Point Shopping Centre ၌လည်း ကောင်း အသီးသီး ကျင်းပ မည်ဖြစ်သည်။ အစီအစဉ် အရ ကြက်ကြော် စားပြိုင်ပွဲတွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အ တွင်း ယောက်ျား ကလေးနှင့် မိန်းကလေးများ၊ ဟမ်ဘာဂါ အစားပြိုင်ပွဲ တွင် အသက် ၁၅ နှစ်မှ ၃၀ အတွင်း ယောက်ျား ကလေးနှင့် မိန်းကလေးများ ယှဉ်ပြိုင်နိုင်ပြီး ကျပ် ၅၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၇,၀၀၀ တန် Seasons Food Coupon ကို ပထမဆု အဖြစ် လည်းကောင်း၊ ကျပ် ၃၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၅,၀၀၀ တနှ်Seasons Food Coupon ကို ဒုတိယဆု အဖြစ်လည်းကောင်း၊ ကျပ် ၂၀,၀၀၀ တန် Ocean Gift Vouncher နှင့် ကျပ် ၃,၀၀၀ တန် Seasons Food Coupon ကို တတိယဆုအဖြစ် လည်းကောင်း ချီးမြှင့်ပြီး အခြား လက်ဆောင် ပစ္စည်း များလည်း ပေးအပ်မည်ဖြစ်သည်။

ref;မြန်မာပို့စ်

Website Review…

ပန်းချီအနုပညာတွေကို လေ့လာကြည့်ချင်ရင်တော့…

Home

အလှဆုံးဓာတ်ပုံတွေကို ၀င်ကြည့်ချင်ရင်တော့…

http://asa 100.com

Photoshop Layer တွေ အကြောင်း စုံလင်အောင် လေ့လာချင်ရင်တော့…

http://puregraphics.org

Photoshop Tutorials တွေကို လေ့လာမှတ်သားချင်ရင်တော့…

http://depiction.net

ရုပ်ရှင်ဖန်တီးချက်တွေကို လေ့လာချင်ရင်တော့…

http://artseoul.net

Wallpaper လှလှလေးတွေကို Download ရယူချင်ရင်တော့…

http://wallpaperstop.com

အင်္ဂလိပ်စာ ကျွမ်းကျင်စာရေးသားနိုင်အောင် လေ့လာချင်ရင်တော့…

ESL Homepage

Free Photo Service ၀က်ဘ်ဆိုက်ထဲ ၀င်ပြီး ကလိချင်ရင်တော့…

http://dotphoto.com

(Free Member Account ပေးထားတဲ့ Photo Service တခုပါ..ကိုယ့်အသံတွေက အစ ထည့်ပြီး Online Photo Album တခုကို ဖန်တီးနိုင်တဲ့အထိ လုပ်လို့ရပါတယ်…)

Webmail အကြောင်းစုံလင်စွာ သိရှိချင်ရင်တော့…

http://lycos.com

Flash အကြောင်းစုံလင်စွာ သိချင်ရင်တော့…

http://webdesign.org

မြန်မာပြည်မှာတော့ စပိုင်မင်းသားလို့ နာမည်ကြီးတဲ့  မင်းသားချော ဒဲနစ်အိုနီးလ် ၀က်ဘ်ဆိုက်ကို ၀င်ကြည့်ချင်ရင်တော့…

http://www.dennis-o.net

Resources: Net Guide